ဈေးကွက်ဈေးနှုန်း

စျေးကွက်အတွင်း နှမ်းသီးနှံအချို့ စျေးတက်

Last Updated:

စျေးကွက်အတွင်း နှမ်းသီးနှံအချို့စျေးတက်

၃၀.၃.၂၀၂၂

          မကွေးတိုင်းဒေသကြီးအတွင်း မတ်လနောက်ဆုံးပတ်တွင် ဆီကြိတ်နှမ်းများဖြစ်သော နှမ်းနီ နှင့်နှမ်းပြာစျေးများ စျေးအနည်းငယ်တက်နေသလို လှော်နှမ်းဖြစ်တဲ့ နှမ်းဖြူများလည်း စျေးတက်နေတာကို တွေ့ရပါတယ်။ နှမ်းဖြူကိုတော့ မန္တလေးကိုတင်ပို့နေရပြီး နှမ်းနီနှင့်နှမ်းပြာကိုတော့ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူနေကြောင်း၊ ယခုအချိန်မှာတော့ စျေးကွက်ထဲသို့ အဝင်နည်း ပါးနေကာ တစ်ရက်လျှင် နှမ်းနီအိတ်(၁၀၀)ပတ်လည်သာဝင်ရောက်နေပြီး နှမ်းဖြူအနေဖြင့် အိတ်(၂၀)မှ(၂၅)အိတ်အထိသာ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခုနှစ် အထွက်နှုန်း လည်းနည်းပါးသလို လှောင်လက်ထဲတွင်လည်း ပစ္စည်းလက်ကျန်နည်းပါးနေချိန်ဖြစ်၍ စျေးနှုန်းအနည်းငယ် မြင့်တက် လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

          ယခင်နှစ်က နှမ်းပေါ်ပြီးနောက်ပိုင်းတွင် စျေးကျလာခြင်း၊ ရာသီဥတုအဆင်မပြေမှုများကြောင့် အထွက်နှုန်း နည်းခဲ့တဲ့အတွက် လျှော့၍စိုက်ပျိုးကြသဖြင့် သီးနှံထွက်ပေါ်စမှာတော့ စျေးကောင်းရခဲ့သလို နောက်ပိုင်းတဖြေး ဖြေးစျေးကျလာကာ ယခုလက်ကျန်နည်းပါးချိန်တွင် စျေးအနည်းငယ်ပြန် တက်လာခဲ့တယ်လို့ ကုန်သည်အသိုင်းအဝိုင်း ထံမှ သိရပါသည်။

          နှမ်းဖြူ(၄၅)ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် ယခင်နေ့(၁၅ဝဝဝဝ)ကျပ်စျေးဖြစ်ပြီး ယနေ့ (၃၀.၃.၂၀၂၂)ရက်နေ့တွင် (၁၅၅ဝဝဝ)ကျပ်စျေး၊ နှမ်းနီ(၄၅)ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် ယခင်နေ့ (၁၅ဝဝဝဝ)ကျပ်စျေးဖြစ်ပြီး  ယနေ့(၃၀.၃.၂၀၂၂) ရက်နေ့တွင် (၁၅၅ဝဝဝ)ကျပ်စျေး၊ နှမ်းပြာ(၄၅)ပိဿာ (၃)တင်းဝင်(၁)အိတ်လျှင် ယခင်နေ့(၁၅ဝဝဝဝ)ကျပ်စျေးဖြစ်ပြီး  ယနေ့(၃၀.၃.၂၀၂၂)ရက်နေ့တွင် (၁၅၅ဝဝဝ) ကျပ်စျေးဖြစ်တဲ့အတွက် (၄၅)ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် (၅ဝဝဝ)ကျပ်စီ စျေးအနည်းငယ်မြင့် တက်လျှက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းများအရ သိရှိရပါသည်။